ဗျာဒိတ်ကျမ်း
1
ဤ/စာစောင်/သည် ယေရှု/ခရစ်တော်/၏ ဗျာဒိတ်တော်/ဖြစ်၏။ ဤ/ဗျာဒိတ်တော်/မှာ ဘုရားသခင်/က မိမိ/၏ အစေခံများ/အား မကြာမီ/ဖြစ်ပျက်ရမည့်/အရာ/ကို ဖော်ပြ/ရန် ယေရှု/ခရစ်တော်/ထံ ပေးအပ်တော်မူသော/ဗျာဒိတ်တော်/ဖြစ်၏။ ထို့ကြောင့် ခရစ်တော်/သည် ထို/ဗျာဒိတ်တော်/ကို မိမိ/၏/အစေခံ/ယောဟန်/အား ဖွင့်ပြ/ရန် ကောင်းကင်တမန်/ကို စေလွှတ်တော်မူ၏။ 2 ယောဟန်/သည် မိမိ/မြင်သမျှ/အရာတို့/ကို သက်သေခံ၏။ ထို/အရာတို့/မှာ ဘုရားသခင်/၏ နှုတ်ကပတ်တော်/နှင့် ယေရှု/ခရစ်တော်/၏ သက်သေခံတော်မူချက်/တို့/ဖြစ်၏။ 3 ဤ/ပရောဖက်ပြု/ဟောပြောချက်/သည် ဖြစ်ပျက်/ရန် အချိန်/နီးလာ/သောကြောင့် ၎င်း/ကို ဖတ်သောသူ/နှင့် ကြားနာ/၍ လိုက်နာသော/သူတို့/သည် မင်္ဂလာရှိကြ၏။
အသင်းတော်/ခုနစ်ပါး/ထံသို့ နှုတ်ခွန်း/ဆက်သခြင်း
4 ကျွန်ုပ်/ယောဟန်/သည် အာရှပြည်a/၌/ရှိသော အသင်းတော်/ခုနစ်ပါး/ထံသို့ စာရေးလိုက်ပါ၏။ ယခု/ရှိ/လျက်၊ ယခင်/ကလည်း/ရှိ/လျက် နောင်အခါ/၌လည်း/ကြွလာမည့် ဘုရားသခင်/ထံမှ/လည်းကောင်း၊ ပလ္လင်တော်/ရှေ့/၌ ရှိသော/ဝိညာဉ်/ခုနစ်ပါး/ထံမှ/လည်းကောင်း၊ 5 ယေရှု/ခရစ်တော်/ထံမှ/လည်းကောင်း ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/သည် သင်တို့/အပေါ် သက်ရောက်/ပါစေသော။ ယေရှု/ခရစ်တော်/သည် သစ္စာရှိသော/သက်သေခံ၊ သေခြင်း/မှ အဦးဆုံး/ထမြောက်သောသူ၊ လောကီ/ဘုရင်တို့/၏/မင်း ဖြစ်တော်မူ၏။
 
ကိုယ်တော်/သည် ကျွန်ုပ်တို့/ကို ချစ်/၍ အသေခံတော်မူခြင်း/အားဖြင့် ကျွန်ုပ်တို့/ကို အပြစ်များ/မှ လွတ်မြောက်စေတော်မူ၏။ 6 ကိုယ်တော်/သည် ကျွန်ုပ်တို့/ကို လူမျိုးတော်/ဖြစ်လာစေ/လျက် ခမည်းတော်/ဘုရားသခင်/ကို အစေခံသည့် ယဇ်ပုရောဟိတ်များ/ဖြစ်စေတော်မူ၏။ ကိုယ်တော်/၌ ဘုန်းအသရေ/နှင့်/ဘုန်းတန်ခိုး အစဉ်/ထာဝရ ရှိတော်မူ/ပါစေသော။ အာမင်။
7 ကြည့်ရှုလော့။ ကိုယ်တော်/သည် မိုးတိမ်များ/ဖြင့် ကြွလာတော်မူမည်b ဖြစ်ပြီး
ကိုယ်တော်/ကို လှံ/နှင့် ထိုးဖောက်ခဲ့သူများ/အပါအဝင်
လူတိုင်း/က မြင်ကြရ/လိမ့်မည်။
ကမ္ဘာလောက/ရှိ လူမျိုး/အပေါင်းတို့/သည် ကိုယ်တော်/ကြောင့် ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။c
ထို/အရာ/သည် အမှန်/ပင်/ဖြစ်၏။ အာမင်။
8 ယခု/ရှိ/လျက်၊ ယခင်/ကလည်း/ရှိ/လျက် နောင်အခါ/၌လည်း/ကြွလာမည့် အနန္တ/တန်ခိုးရှင်/ဘုရားသခင်/က “ငါ/သည် အာလဖာ/နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
ခရစ်တော်/၏/ပုံပန်း/သဏ္ဌာန် ထင်ရှားခြင်း
9 သင်တို့/၏/ညီအစ်ကို/ဖြစ်သော ကျွန်ုပ်/ယောဟန်/သည် သင်တို့/နည်းတူ ယေရှု/၏/နောက်လိုက်/ဖြစ်သည်/နှင့်အညီ ဆင်းရဲဒုက္ခ/ကို/လည်းကောင်း၊ ဘုရားသခင်/၏/နိုင်ငံတော်သား/ဖြစ်ခွင့်/ကို/လည်းကောင်း၊ စိတ်ရှည်/သည်းခံရခြင်း/ကို/လည်းကောင်း မျှဝေခံစားသည့် သင်တို့/၏/လုပ်ဖော်ကိုင်ဖက်/ဖြစ်၏။ ကျွန်ုပ်/သည် ဘုရားသခင်/၏ နှုတ်ကပတ်တော်/ကို ဟောပြောပြီး သခင်/ယေရှု/အကြောင်း/ကို သက်သေခံ/သောကြောင့် ပတ်မုကျွန်း/သို့ ရောက်နေ၏။ 10 ကျွန်ုပ်/သည် သခင်ဘုရား/နေ့d/တွင် ကျွန်ုပ်/အပေါ် ဝိညာဉ်တော်/သက်ရောက်လာ/သဖြင့် ကျွန်ုပ်/သည် တံပိုး/ခရာသံ/ကဲ့သို့ ကျယ်လောင်သော/အသံ/ကို ကျွန်ုပ်/နောက်/၌ ကြားရ၏။ 11 ထို/အသံ/က “သင်/မြင်သော/အရာ/ကို စာစောင်/တွင် ရေး/၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ/ရှိ အသင်းတော်/ခုနစ်ပါး/ထံသို့ ပေးပို့လော့” ဟု ဆို၏။
12 ကျွန်ုပ်/အား ပြောနေသည့်/အသံရှင်/ဘက်/သို့ လှည့်ကြည့်/ရာ ရွှေ/ဆီမီးတိုင် ခုနစ်တိုင်/ကို တွေ့ရ၏။ 13 ဤ/ရွှေ/ဆီမီးတိုင်များ/အလယ်/တွင် လူသား/နှင့်/တူသော/သူ/တစ်ဦး/ကို တွေ့ရ၏။ ထို/သူ/သည် ခြေဖျား/ထိ/ရှည်သော/ဝတ်ရုံ/ရှည်/ကို ဝတ်ဆင်ထား/ပြီး ရင်ဘတ်/တွင်လည်း ရွှေ/ရင်စည်း/ကို စည်းထား၏။ 14 သူ/၏/ဦးခေါင်း/မှ ဆံပင်တို့/သည် သိုးမွေး/နှင့် နှင်းပွင့်များ/ကဲ့သို့/ဖြူ/၍ သူ/၏/မျက်လုံးများ/သည် မီးလျှံ/ကဲ့သို့/တောက်ပကြ၏။ 15 သူ/၏/ခြေတို့/သည် မီးပြင်းဖို/၌ ချွတ်/၍ သန့်စင်ထားသော ကြေးဝါ/ကဲ့သို့ တောက်ပနေ/ပြီး သူ/၏/အသံ/သည် ဟုန်းဟုန်း/မြည်သော/ရေစီးသံ/ကဲ့သို့/ဖြစ်၏။ 16 သူ/၏ လက်ယာ/လက်/ဖြင့် ကြယ်/ခုနစ်လုံး/ကို ကိုင်ဆောင်/၍ သူ/၏ ခံတွင်း/ထဲမှ ထက်သော/သန်လျက်/ထွက်လာ၏။ သူ/၏/မျက်နှာ/သည် အရှိန်/ပြင်း/စွာ ထွန်းတောက်သော/နေ/ကဲ့သို့/ဖြစ်၏။
17 ထို/သူ/ကို တွေ့/သောအခါ ကျွန်ုပ်/သည် သေသွား/သကဲ့သို့ သူ/၏ ခြေရင်း/၌ လဲကျသွား၏။ ထိုအခါ သူ/သည် လက်ယာ/လက်/ကို ကျွန်ုပ်/အပေါ်/တင်/၍ အောက်ပါ/အတိုင်း ဆို၏။ “မကြောက်နှင့်။ ငါ/သည် အစဦးဆုံးသောသူ/နှင့် နောက်ဆုံးသောသူ/ဖြစ်၏။ 18 ငါ/သည် အသက်ရှင်သော/သူ/ဖြစ်၏။ ငါ/သည် သေခဲ့၏။ ယခု/တွင်မူ အစဉ်/ထာဝရ/အသက်ရှင်၏။ ငါ/သည် သေခြင်းတရား/နှင့် မရဏ/နိုင်ငံ/ကို အစိုးရ၏။ 19 ထို့ကြောင့် သင်/မြင်ခဲ့ရသည့်/အရာများ၊ ယခု/ဖြစ်ပျက်နေသော/အရာများ/နှင့် အနာဂတ်/တွင်/ဖြစ်ပျက်မည့်/အရာများ/ကို ရေးထားလော့။ 20 ငါ/၏/လက်ယာ/လက်/၌ သင်/မြင်တွေ့ရသော ကြယ်/ခုနစ်လုံး/နှင့် ရွှေ/ဆီမီးတိုင် ခုနစ်တိုင်တို့/၏ လျှို့ဝှက်/နက်နဲသော/အရာ/မှာ ကြယ်/ခုနစ်လုံး/သည် အသင်းတော်/ခုနစ်ပါး/၏ ကောင်းကင်တမန်များ/ဖြစ်ပြီး ရွှေ/ဆီမီးတိုင်/ခုနစ်တိုင်/သည် အသင်းတော်/ခုနစ်ပါး/ဖြစ်၏။